Tuesday 9 August 2011

ရခိုင်ပြည် ကျွန်သက် အနှစ် (၂၂၆) နှစ် ကြာသောအခါ

မြန်မာကျူးကျော်စစ်ကို (၄၅) ရက်ကြာကြာ ခုခံတိုက်ခိုက်ပြီးနောက် (၁၇၈၄) ခု ဒီဇင်ဘာလ (၃၁) ရက်နိတွင် ရခိုင်ပြည်ကြီးနှင့်တကွ ရုပ်ရှင်တော်မဟာမြတ်မုနီ အသိမ်းခံလိုက်ရသည်။ 

မြန်မာများသည် ရခိုင့်ရွှေနန်းတော်၊ ပိဋကတ်တိုက်တော်၊ ဘုန်းတော်ကြီးကျောင်း အကြီး (၃၀)၊ အငယ် (၃၀၀၀) ကျော်ကို မီးလျှို့ဖျက်ဆီးခသည်။ 

ရခိုင်တပြည်လုံး ဖူးဖူးရောင်သော လူသီကောင်များဖြင့် ပြန့်ကြဲလျှက်ဟိုသည်။ 
နှစ်ပေါင်း (၅၀၀၀) ကျော် ကိုယ့်ထီးကိုယ့်နန်းဖြင့် နီထိုင်လာခသော ရခိုင်နိုင်ငံတော်၌ တိုင်းသားပြည်သူများမှာ ကူမည့်သူမဟိ လွတ်ရာကို ထွက်ပြီးကြရသည်။ 

မြန်မာများသည် ပုခက်တွင်းသား အချေသူငယ်များကိုမချန်သတ်ဖြတ်သည်။
ရခိုင်မှတ်တမ်း၌ “အချေသူငယ်၊ အစိတ်ကေရို့၊ ပြုံးရယ်ရွှင်ဘိ၊ မိမသိကို၊ မွီးမိထံမှ၊ ယူပြီးမှလျှင်၊ လက်ကိုကိုင်မြှောက်၊ ကောင်းခင်ရောက်က၊ အောက်မှတဖန်၊ ဓါးကိုလှန်၍၊ ခံပြန်ပြုခါ၊ မြှောက်လီမှာလျှင်၊ ကျလာမလွဲ၊ နှစ်စိပ်ကွဲ၍၊ ရဲရဲသွီးစက်၊ အအူထွက်၏။ 

တချက်မြီ၌၊ လှံကိုစိုက်၍၊ လံလိုက်တုံလျှင်၊ ရင်ကဝင်၏” ဟူ၍ တွိရပါသည်။
အသတ်ခံခရသော ရခိုင်သားများကို “တင်းဝပန်းခိုင်၊ တမြိုင်မြိုင်၊ ရခိုင်လူအလောင်း” ဟူ၍ မှတ်တမ်းတင်ထားခသည်။ ဂဏန်းသင်္ချာအလို (၇) သန်းကျော်သည်။

မြန်မာများသတ်ဖြတ်ခသည်ကို အစွဲပြု၍ ဂေါင်းပုံပြင် (မြောက်ဦး)၊ လူသတ်ဂျိုင် (မြောက်ဦး)၊ ရီတက်ရီကျသောအခါ သောင်ပြင်တွင်အစုလိုက်အပြုံလိုက်ချိုင်နှောင်၍ သတ်ခသောကြောင့် ရီအကျတွင် ဖြူနီသောအလောင်းကောင်များကို မြင်ရသောကြောင့် ပေါက်ဖဲ့ရွာ (မန်အောင်၊) လက်များကိုဖြစ်၍ တောင်နှယ်ပုံထားသောကြောင့် လက်ပုံတောင် (မာန်အောင်)၊ ရီကန်တွင် လူအပြည့်သတ်၍ ပုံထားသောကြောင့် သီဘေးကန် (ပေါက်တော)၊ အချေငယ်များကို ရီကျရီတက်ချိန်တွင် ခြံလှောင်၍သတ်ခသောကြောင့် ခြံလှောင်ချောင်း (မာန်အောင်)၊ ခြံပြင် (မောင်တော)၊ သွီးချောင် (တောင်ကုတ်)၊ လူ့အသားတစ်များကို ခွတ်ဖြတ်၍ပုံထားသောကြောင့် အသားပုံရွာ (ပုဏ္ဏားကျွန်း) စသည့်စသည့်ဖြင့် နာမတွင်သည်။

 နှစ်ပေါင်း (၄၀) လုံးလုံး ရခိုင်အမျိုးတုံးလားအောင် သတ်ဖြတ်ခသည်။ မာန်အောင်မြို့ တမြို့တည်းတွင် အသတ်ခံခရသည်ကို မှတ်တမ်းတင်ထားသည်မှာ “လူငယ်တသောင်း၊ လူကြီးပေါင်းမူ၊ သျှစ်သောင်းအစွန်း၊ တသိန်းမှန်း၏၊ မယွန်းထိုခါ၊ သီကုန်ပါ၏၊ သိမ်းကာယူက၊ ပြည်အင်းဝသို့၊ ပါရလီငြား၊ လူယောက်ျားနှင့်၊  မပြားမှန်ထ၊ လူမိန်းမကို၊ ရွီကြလီသော်၊ နှစ်သိန်းကျော်၏၊ ကြားသော်မြင်ခါ၊ ကြောက်ဖွယ်သာတည်း” ဟူ၍ဖြစ်သည်။

(၁၈၂၆) ခုနှစ် ဗြိတိသျှလက်အောက် ကျရောက်ရသောအခါ မြန်မာလက်အောက် နှစ် (၄၀) ငရဲစခန်းသည် တခန်းရပ်ခသည်။ 
ကျူးကျော်သူမြန်မာများကိုမောင်းထုတ်၍ အင်္ဂလိပ်ရို့က တဖန်အုပ်ချုပ်သည်။ သို့သော်အင်္ဂလိပ်အုပ်ချုပ်ချိန်တွင် ရခိုင်ပြည်၌ လူမကျန်တော့ပေ။

ရခိုင်နိုင်ငံတော်တခုလုံးသည် သုသာန်တစပြင်ပမာ တောကြီးမျက်မဲဖြစ်နီလီတော့သည်။
အင်္ဂလိပ်အကာအကွယ်ကြောင့် သီကံမရောက်သတ်မပျောက်ပဲ ရခိုင်တချို့ ဘင်္ဂလားနယ်တွင် ကျန်ရစ်သည်။ 

ထိုသူများထဲမှ (၅) သောင်းခန်ကို ပြန်ခေါ်ယူ၍ ရခိုင်ပြည်၌ ပြန်လည်နီရာချထားပီးသည်။ သခင်ပြောင်းသော ကျွန်ဘဝသည်ပင် ရခိုင်ရို့အဖို့ ကံထူးကံမြတ်ဖြစ်သည်။
မြန်မာများ၏ လူမျိုးရေးမုန်းတီးမှုဖြင့် မျိုးဖြုတ်သတ်ဖြတ်ခြင်းမှ လွတ်မြောက်ခရသည်မဟုတ်ပါလား။

ကျွန်ဘဝတဖြစ်လဲကိုပင် ရခိုင်ရို့က “ခေတ်ကောင်းခါကယင်” ဟူ၍ တင်စားခေါ်ဝေါ်ကြသည်။
မှန်ပေသည်။
မြန်မာလက်အောက် နှစ် (၄၀) လုံးလုံး ဒုက္ခရောက်နီသော ရခိုင်သားများသည် ရီနှစ်သားတုံးဆွဲမိသကဲ့သို့ အသက်လျှူဖြောင့်ခရသည်။ 

ကိုယ့်အိုးကိုယ့်အိမ် ပြန်နီခွင့်ရခသည်။
တနည်းဆိုရလျှင် ဗြိတိသျှရို့၏အကာအကွယ်ကို ရခိုင်ရို့ရသည်။
ရခိုင့်စာပီ ပြန်လည်အညွန့်ထားလာနိုင်သည်။
လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ဟိသဖြင့် အတော်အသင့် ချမ်းသာလာကြသည်။

ခေတ်ပညာကိုလည်း သင်ကြားခွင့်ရလာသည်။ ဘွဲ့ထူးဂုဏ်ထူးများကို ဆွတ်ခူးနိုင်ခသည်။ အင်္ဂလိပ်ခေတ်တွင် ရာထူးကြီးများကို ရခိုင်သားများထမ်းဆောင်နိုင်ခသည်ဟု အိုင်စီအက်စ် ဦးကျော်မင်းက မှတ်တမ်းရွီးဖူးခသည်။

ရခိုင်ကျွန်သက် (၁၀၁) နှစ် တင်းတင်းပြည့်သောနိ (၁၈၈၆) ခု၊ ဇွန်နဝါရီလ (၁) ရက်နိတွင် ဗမာတပြည်လုံး အင်္ဂလိပ်လက်အတွင်းသို့ ကျရောက်ရသည်။ 
ဝဋ်ကြီးပြန်လည်သည်။
ရခိုင့်အမျိုးသားဆရာတော်ဥတ္တမသည် မြန်မာပြည်၌ လွတ်လပ်ရေးမျိုးစိကို ဦးစွာပထမအစချသည်။ ဝံသာနုစိတ်ဓါတ်ကို နိုးဆွပီးသည်။

အကြိမ်ကြိမ်ထောင်ကျ အဖမ်းခံခရသည်။ အင်္ဂလိပ်လက်အောက်မှလွတ်မြောက်ရန် ရခိုင့်ဂေါင်းဆောင်များသည် မြန်မာများနှင့်တန်းတူ ကြိုးပမ်းခသည်။
အချောင်မခို ဂျောင်မခိုခပါ။

မင်းသားကြီးရွှီးဘန်းသည် အင်္ဂလိပ်ကို စတင်တော်လှန်ရန်ကြိုးပန်းသည်။
ဤသည်ကို မြန်မာမှတ်တမ်း၌မဟိ။ 
ဖက်ဆစ်ဂျပန်ကို ရခိုင်က အယင်တော်လှန်သည်။ (၁၉၄၅) ခု၊ မတ်လ (၂၇) ရက်နိ မြန်မာက ဂျပန်ကို တော်လှန်သောအခါ ရခိုင့်ပြည်တွင် ဂျပန်မဟိပါယာ။ 
ရခိုင်ရို့သည် ကိုယ်အားကိုယ်ကိုး တော်လှန်ခြင်းဖြစ်သည်။
ဗမာတပ်မတော်မှ ရိုင်ဖယ်တလက် အကူအညီမယူပါ။

ဂျပန်အဆုတ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရခိုင်ပြည်သို့ရောက်လာသည်။ 
ဦးစိန္တာကျင်းပသော ကြာအင်းတောင်ညီလာခံကို တက်ဖြစ်သည်။
အလံနီပါတီမှ ဦးအောင်သန်းက ဗိုလ်ချုပ်အောင်ဆန်းကို လူသတ်မှုဖြင့် တရားစွဲသည်။ 
(အသေးစိပ်ကို ဘုံပေါက်သာကျော်စာအုပ်တွင်ဖတ်ပါ။)

စစ်တွေကြက်ကိုင်းတန်တွင် “ရခိုင်တကျပ်၊ ဗမာတကျပ်၊ သျှမ်းတကျပ်၊ ဗမာတကျပ်” တရားကိုဟောသည်။ စည်းရုံး၍မရသဖြင့် “မြွီပွီးနှင့် ရခိုင်ကိုတွိလျှင် ရခိုင်ကို အယင်သတ်ရမည်” ဟု မြန်မာပြည်တွင် ဝါဒဖြန့်သည်။
သခင်စိုး၊ သခင်သန်းထွန်း၊ ကွန်မြူနစ်အဖွဲ့များကလည်း ဆရာတော်ဦးပညာသီဟအား ဗမာပြည်လွတ်လပ်ရေးရလျှင် ရခိုင်ကိုလည်း လွတ်လပ်ရေးပီးမည်။

မန္တလေးမဟာမုနိကိုလည်း ပြန်ပီးမည်ဟု လိမ်သည်။ ညာဏ်တုံးသော ရခိုင်ဂေါင်းဆောင်များက မြန်မာမကျက်လှည့်ကို ယုံကြသည်။
လွတ်လပ်ရေးရလာသည်။ 
သို့သော် မြန်မာ့လွတ်လက်ရေးဖြစ်သည်။ 
ရခိုင်နှင့်မဆိုင်ပါ။ သျှမ်းနှင့်မဆိုင်ပါ။ 

မွန်နှင့်မဆိုင်ပါ။ ကရင်နှင့်မဆိုင်ပါ။
တိုင်းရင်းသားများကို ကလိမ်ကကျစ်လုပ်၍ ရယူခသော လွတ်လပ်ရေးဖြစ်သည်။ ဗိုက်ချုပ်အောင်ဆန်းပြောသော ရခိုင်တကျပ်-မွန်တကျပ်။
သျှမ်းတကျပ်-ဗမာတကျပ်မသည် တိုင်းရင်းသားတကျပ်-ဗမာအားလုံးဖြစ်လာသည်။ 
တိုင်းရင်းသားများ တကျပ်တကျပ်စီရသောအခါ မြန်မာ (၇) ကျပ် အိပ်ဝင်သပိတ်ဝင် ပင့်သကူအချောင်ရသည်။ 

(ယခု (DVB) အသံလွှင့်ဌာနတွင် မြန်မာအသံက တရက်ကို (၄၅) မိနိရသောအခါ တိုင်းရင်းသားတမျိုးစီက တပတ်လုံးမှ (၁၅) မိနိရသည့် ဥပမာနှင့် အလားတူသည်။ အယ်ဒီတာမှတ်ချက်။)

တနည်းပြောရလျှင် ရခိုင်ရို့သည် မြန်မာများအောက် နောက်တကြိမ် ကျွန်ဇာတ်အသွင်းခံလိုက်ရသည်။
မြန်မာရို့သည် သမိုင်းစဉ်တလျှောက် ရခိုင်လူမျိုးအပေါ် မည်သည့်အခါမှ ကောင်းကျိုးမပီးခပါ။ ဗိုလ်ရန်အောင်ဂေါင်းဆောင်သော ဗမာ့တပ်မတော်သည် မောင်ဝိုင်းတပ်အပြီး နှစ်ပေါင်း (၁၁၆) နှစ်အကြာတွင် ရခိုင်ပြည်၌ ပထမဆုံးခြီချလာသည်။ (၁၉၄၂) ခုတွင် ကုလားရန်ကိုကြောက်၍ထွက်ပြီးလာသော ရခိုင် (၄၀၀)  ကျော်ကို ဗိုလ်ရန်အောင်သည် အကူအညီမပီးဘဲ သင်္ဘောကိုဖောက်၍ လုပ်ကြံလိုက်သည်။
မြန်မာပြည်လွတ်လပ်ရေးရပြီ။ 

လွတ်လပ်သောမြန်မာပြည်တွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟုဆိုသည်။ 
ပါလီမန်တွင် ရခိုင်သားများ လွတ်လပ်စွာပြောဆိုခွင့်၊ တင်ပြခွင့်ကားရသည်။ 
သို့သော် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကား မရ၊ (၁၉၅၂) ခုနှစ်တွင် တောပန်ဇင်း၊ အခစား (ကျော်တော်)၊ မကျည်းကုန်း (မာန်အောင်) စသောရွာများကို ရွာလုံးကျွတ်သတ်ဖြစ်ပြီး ဦးနုက ရခိုင်သားများကို ဒီမိုကရေစီနှင့်မိတ်ဆက်ပီးသည်။

ဦးနု၏ဒီမိုကရေစီသည် ရခိုင်သားများအဖို့ ခါးသီးလှသည်။ မြောက်ဦးမြို့နန်းရာကုန်းထက်တွင် ရခိုင်မျိုးချစ်ထွန်းလှအောင်ကို မြန်မာစစ်တပ်က ကျားထိုးသတ်ပစ်လိုက်သည်။
ရခိုင်နိုင်ငံတော်သည် ဂျပန်ထက် အဆပေါင်းများစွာဆိုးသော မြန်မာလက်အောက်သို့ အဖန်ကျရောက်ရသည်။

(၁၉၅၈) ခုနှစ်တွင် ဖဆပလနှစ်ခြမ်းကွဲသည်။ ပြည်နယ်ပြဿနာပေါ်လာသည်။
ဦးနုဂေါင်းဆောင်သော တည်မြဲဖဆလက သူ့ပါတီကိုမဲပီးလျှင် ရခိုင်ကိုပြည်နယ်ပီးမည်ဟုလိမ်သည်။ သန့်ယှင်းဖဆပလဘဆွေက “ပြည်နယ်မပေးနိုင်ဘူး။ 
ခင်ဗျားတို့ကို ကျန်တဲ့ဟာကိုဘဲ ပေးနိုင်မည်” ဟု ပြောင်တိုက်စိတ်ခေါ်သည်။ 

ရခိုင်သားများသည် ပြညနယ်အဆင့်ကိုပင် မြန်မာများထံမှ လက်ဖြန့်တောင်းခံရသော သူတောင်းစားဘဝကျရောက်ရတော့သည်။
ပြည်နယ်လိုချင်သော ရခိုင်သားများသည် မျက်စိမှိတ်၍ ရတညမဲအပါအဝင် အမတ်နီရာ (၉) ခုစလုံးကို ဦးနုအားပုံအောလိုက်သည်။ 

(၁၉၆၀) ပြည့် ဖေဖေါ်ဝါရီလရွီးကောက်ပွဲတွင် ဦးနုပါတီအနိုင်ရသည်။ 
သို့သော် ရခိုင်သားများပြည်နယ်မရ။ ဒုတိယံပိအလိမ်ခံရသည်။ ရခိုင်သားများမှာ အရှက်လည်းရ ဝမ်းလည်းကြီးရသည်။ “ဦးနုကတိတည်ပါစီ။ 
ရခိုင်ပြည်နယ်အယင်ပီး။” ဟူ၍သာ ငယ်သံပါအောင်အော်၍ လိုင်ခြောင်းကွဲသည်။ 
ဝင်သီးနာသည်။
ရခိုင်က ပြည်နယ်တောင်း၊ သျှမ်းက ဖယ်ဒရယ်မူတင်လာသောအခါ ဦးနုသည် ဟန်မဆောင်နိုင်တော့ပေ။ 

နေဝင်းကို အာဏာလွှဲအပ်လိုက်ရသည်။ မြန်မာများ၏ပင်ကိုယ်ဘီလူးရုပ်ကို ပြရတော့သည်။
အောင်ဆန်း “တကျပ်” ကို နေဝင်းက လုယူလားခသည်။ ထိုအခါ မြန်မာက (၁၄) ကျပ်ရ၍ တိုင်းရင်းသားများမှာ ဝလုံးကွင်းသည်။

(၁၉၆၇) ခုနှစ် သြဂုတ်လ (၁၃) ရက်ဥပုသ်နိ စစ်တွေမြို့တွင် ရခိုင်သား (၃၀၀) ကျော်ကို နေဝင်းသတ်ပစ်လိုက်သည်။ “ဘားဗူဟိယင့်၊ ဆန်ဟိယင့်၊ ဒိုင်းကျီဟိယင့် ရီယိဟင့်” ဘဝင်မြင့်သောရခိုင်သား။

နေဝင်းလက်အောက် ထမင်းငတ်၍ သူတောင်းစားဖြစ်သည်။ (“ယခီး” ဟု အခေါ်ခံရသည်။ 
မြန်မာ (ဗချီး) နှင့် ရခိုင် (ယခီး) အသားစားအရီစားဖြစ်ကတ်ရသည်။)
မြဆန်စက်ရှိတွင် ရခိုင်သားများ ခွီးသီဝက်သီ သီကတ်ရသည်။ 
“မသီပါသိမ့်၊ အသက်ဟိသိမ့်ရေ” ဆိုကေလည်း မလွတ်။ 

အရှင်လတ်လတ် မြီမြှုပ်ခံရသည်။ မဆလလက်အောက် ရခိုင်တမျိုးသားလုံး စာရိတ္တမဏ္ဍိုင်ပျက်စီး၍ ရခိုင်လူညွန့်တုံးသည်။ 
ညီအစ်ကိုပါဟု မြန်မာများလိမ်၍မရ။ 
ရခိုင်နှင့်မြန်မာသည် တသီးတခြားစီဖြစ်သည်။
ရခိုင်လူမျိုးသည် သမိုင်းစဉ်ဆက် ကိုယ့်ထီးကိုယ့်နန်း ရာဇဝင်နှင့်လာသော လူမျိုးတမျိုးဖြစ်သည်။ မြန်မာရို့သည် မွန်ကတဆင့် ဗုဒ္ဓဘာသာဖြစ်သည်။

မြန်မာများ အရေးကြီးရဟန်းကိုးကွယ်နီချိန်တွင် ရခိုင်ပြည်၌ နှစ်ပေါင်းတထောင်ကျော် ဗဒ္ဓဘာသာ အမြစ်တွယ်ပြီးဖြစ်သည်။
ဧရာဝတီမြစ်သည် ကပ္ပလီပင်လယ်ထဲသို့စီးဝင်သည်။ 
ကုလားတန်မြစ်သည် အင်္ဂလားပင်လယ်ထဲသို့ စီးဆင်းသည်။ ရခိုင်နှင့် မြန်မာသည် မြီလည်းမတူ၊ ရီလည်းမတူ၊ လူလည်းခြားသည်။

(၈၈) အရေးအခင်းဖြစ်၍ ဗမာတပြည်လုံး ကျကျက်ရိုက်သောအခါတွင် ရခိုင်ပြည်ကိုလည်း ကူးစက်လာသည်။ 
ပြီးယှောင်ခရသော ရခိုင်သားများမှာ ဘောက်သာလိုက်။ ထောင်ကျသားလည်း မကန်။ ကြိုးပီးအသတ်ခံရသူမနည်း။ 
(၁၉၉၀) ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပါတီ (ALD) က အမတ် (၁၁) နီရာရသည်။ 
အဖိုးဦးသာထွန်း ထောင်ထဲ၌အသတ်ခံရသည်။ များမကြာ၊ ရခိုင်ပါတီ အဖြိုခံရသည်။ ရခိုင်ဂေါင်းဆောင်များကို ဖမ်းဆီးထောင်ချသည်။ 

(NLD) ပါတီက မဲဆွယ်တရားဟောနိုင်ချိန်တွင် ရခိုင်သားမျာမှာ ယေင်၍ပင် ဟ၍မရ။
ပြောမိဆိုမိလျှင် မျက်ကန်းမျိုးချစ်၊ အမြင်ကျဉ်းသူများအဖြစ် တံဆိပ်အရိုက်ခံရသည်။ 
ကျဉ်းမြောင်းသော မြန်မာလူမျိုးငယ်ဝါဒအောက်တွင် ရခိုင်သားများ၏ဘဝ စုန်းစုန်းမြုတ်ရပါတော့သည်။

(၁၉၇၄) ခုနှစ် ဖွဲ့စည်းပုံကို နေဝင်းက (၉၉) ဒဿမ (၇) ရာနှုန်း ထောက်ခံမှုရသည်ဟုလိမ်၍ အတည်ပြုခသည်။ အခုလည်း လိမ်လည်၍ အကြာခင်အတည်ပြုတော့မည်။
ဗိုလ်ချုပ်အောင်ဆန်းက “မြွီပွီးနှင့် ရခိုင်ကိုတွိလျှင် ရခိုင်ကိုအယင်သတ်ရမည်” ဟုပြောသည်။

ရခိုင်စည်ရုံးရေးခရီးအပြီးတွင် ဒေါစုက “ကျွန်မတော့ ရခိုင်ကိုချမ်မိသွားပြီး” ဟုဆိုသည်။ အသူ့ကို ယုံရပါမည်နည်း။

(၂၀၁၀) ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နိတွင် ရခိုင်ကျွန်သက် အနှစ် (၂၂ ) တင်းတင်းပြည့်သည်။ ရခိုင်ပညာတတ်များစဉ်စားပါ။ ပညာမတတ်သူများလည်း စဉ်းစားပါ။
ရခိုင်အရိုး တောင်ပုံယပုံဖြစ်လားပြီ။
ဂုဏ်ပြုကြပါ။ လေးစားကြပါ။ 

ယခုတဖန် ရခိုင့်ကံကြမ္မာသည် အကျွန်ုပ်ရို့၏ ဂေါင်းထက်သို့ ကျရောက်လက်ပြီ။
ရခိုင့်ပညာတတ်များ၊ ပညာဟိများ၊ ပညာသျှင်များ၊ ပညာမဲ့များအားလုံး သတိထားကြပါ။ မြန်မာရို့ဖော်စပ်သော ဝမ်းနှုတ်ဆီးအမျိုးမျိုးကို သောက်ဖူးခပါပြီ။

ရခိုင်ရို့၏ တခုတည်းသော အန္တိမပန်းတိုင်သည်သည်ကား ပဇာဖြစ်ပါသနည်း။ 
ရခိုင်အချုပ်အချာအဏာ ရခိုင်လက်တွင်းရောက်ရေးဖြစ်သည်။
သမိုင်းကြောင်းကိုပြောလျှင် ပဒေသရာဇ်အချင်းချင်း စစ်ခင်းကတ်သည်ဟူ၍သာ စကားလှဆိုသည်။ သို့သော် မြန်မာရို့သည် ပဒေသရာဇ်များသိမ်းယူခသောနယ်ပြီများကို အပိုင်ရလိုသည်။

ကမ္ဘာမကျေ မသာမြေ ကြွေးကြာ်၍ ဘုရင့်နောင်၊ ကျန်စစ်သား၊ အလောင်းဘုရားစသည်ဖြင့် အခြောက်တိုက် ရန်စောင်နီတတ်သည်။ ပညာပီးရဖို့ အချိန်ရောက်နီပါဗျယ်။ 
ကနိအချိန်၌ ရခိုင်သားများသည် မည်သို့မျှ မတုံ့ပြန်သိမ့်သော်လည်း မုန်တိုင်းသည် ကြိမ်းဝါးဖို့အတွက် အားယူတာစူလျှက်ဟိသည်။

အပြင်မှာပျား၊ အတွင်းမျှား
လှည့်ဖျားမာယာ၊ နှုတ်ဝါစာဖြင့်
ဖွယ်လျှညလျှောက်သား၊ ခွီးစကားကို
ယုံမှားတခါ မဟိရာ---။
 ပြည်ပရောက် ရခိုင်မျိုးချစ် လူငယ်များ အတွက်

(၂၀၁၁) ခုနှစ် သြာဂုတ် (၁၀) ရက် အင်္ဂါ နိ။
( ပြည်တွင်ပြည်ပ နီထိုင်ရေ အဖရခိုင်မျိုးချစ်သားရို့အတွက် ဤစာစောင်ကို ပြန်လှည်တင်ပီးလိုက်ပါယင်)

No comments:

Post a Comment